ဒုတိယဝန်ကြီး ‌ဒေါက်တာအောင်ဇေယျ စင်္ကာပူ-မြန်မာသက်မွေးပညာသင်ကျောင်း(SMVTI)ကို ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ မတ် ၃၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့တွင် ရန်ကုန်မြို့ရှိ စင်္ကာပူ-မြန်မာသက်မွေးပညာသင်ကျောင်း(SMVTI)သို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံစဥ် ဒုတိယဝန်ကြီးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အထောက်အကူပြု နိုင်မည့် သက်မွေးပညာရှင်များကို စဥ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးနှင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် မြန်ဆန်စွာ အကျိုးပြုမည့် သင်တန်းများကို ဖွင့်လှစ်နိုင်ရေး  ကြိုးပမ်းဆောင်ရွက်ရန်၊ ယင်းသို့ ဆောင်ရွက်ရာတွင် အရည်အသွေးစံနှုန်းများနှင့်အညီ လက်တွေ့လုပ်ငန်းခွင်၌ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ရေး လေ့ကျင့်သင်ကြားပေးရန်၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပညာလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိရန်၊ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ ကျောင်းသားများကို ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းရတနာများဖြစ်စေရေး အလေးထား ပျိုးထောင်‌သွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။ ထို့နောက် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်မှာကြားပြီး လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စုဝေးခန်းမအတွင်း ကျောင်းသားများ ရေးဖြေစာမေးပွဲ ဖြေဆိုရန် ပြင်ဆင်ထားရှိမှု အခြေအနေများ၊ အင်ဂျင်နီယာဘာသာရပ်ဌာနများရှိ အလုပ်ရုံများတွင် ကျောင်းသားများ လက်တွေ့ သင်ခန်းစာများ ဖြေဆိုရန် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ဟိုတယ်နှင့် ခရီးသွားဘာသာရပ်သင်တန်းများတွင် ပြည်ပထုတ်ပစ္စည်းများအစား ပြည်တွင်းထုတ် ပစ္စည်းများဖြင့် အသုံးပြုကာ ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  ပြည်တွင်းမှ ဒေသအလိုက်တန်ဖိုးမြှင့်ထုတ်ကုန်ကဏ္ဍအားပေးမြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းစဥ်များအတိုင်း ကြိုးပမ်းဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးကာ ခေတ်မီ စာကြည့်တိုက်ဖြစ်စေရေး ဖြည့်ဆည်းဆောင်ရွက်ရန်၊ ဆရာနှင့် ကျောင်းသားများ စာကြည့်တိုက်အသုံးပြုမှုမြှင့်တင် ဆောင်ရွက်ရန် မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းဥပဓိရုပ်တင့်တယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊အားကစားကွင်းနှင့် အားကစားပစ္စည်းများ ဖြည့်ဆည်းထားရှိမှု အခြေအနေများ၊ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

1
2
2-3
3-1
3-3
4
5
6
7
8
9
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *