ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရမည်းသင်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ရမည်းသင်း)နှင့် နည်းပညာတက္ကသိုလ်(ရမည်းသင်း)တို့၌ ကျောင်းသားများ ရွှင်လန်းချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေး

နေပြည်တော်၊ မတ် ၂၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့၊ နံနက်ပိုင်းက ရမည်းသင်းမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ရမည်းသင်း)သို့ ရောက်ရှိပြီး စာမေးပွဲခန်းများတွင် အင်ဂျင်နီယာဘာသာရပ်များအလိုက် ကျောင်းသား၊ ကျောင်းသူများ ရွှင်လန်းချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်၊ စာသင်ခန်းများ၊ ပုံဆွဲခန်း၊ သိပ္ပံလက်တွေ့ခန်းများနှင့် Life Skills ခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။  ထို့နောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနများရှိ လက်တွေ့ခန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများက ပစ္စည်းကိရိယာများကို စမ်းသပ်တတ်ရုံ အပေါ်ယံ သဘောမဟုတ်ဘဲ အခြေခံသီအိုရီမှစ၍ နက်ရှိုင်းစွာ နားလည်သိရှိသွားပြီး လုပ်ငန်းခွင်တွင် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်သည်အထိ လေ့ကျင့်ပေးရန် မှာကြားပြီး သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုများကို စစ်ဆေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များကို စဥ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းစေမည့် သက်မွေးပညာသင်တန်းများကို ဖွင့်လှစ်ပေးရန်၊  ဒေသတွင်း MSME များ ဖွံ့ဖြိုးတိုးတက် စေရေး ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများ ကို တစ်ဦးချင်း ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ နည်းပညာ Skills များ ပြည့်ဝရုံ အပြင် ဗလငါးတန်နှင့် ပြည့်စုံသော ကျင့်ဝတ်၊ စည်းကမ်းများကို လိုက်နာသော တိုင်းကျိုးပြည်ပြု အဖိုးတန်လူငယ်များ ဖြစ်စေရေး ကြိုးပမ်းစွမ်းဆောင်ကြရန် တိုက်တွန်းမှာကြားသည်။

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ်(ရမည်းသင်း)သို့ ရောက်ရှိပြီး အင်ဂျင်နီယာ ဘာသာရပ်များအလိုက် သင်တန်းနှစ်များအလိုက် စာမေးခန်းအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးရာ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်တို့က ကျောင်းသား၊ ကျောင်းသူများ၏ ဖြေဆိုမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယ ဝန်ကြီးက ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များ ပံ့ပိုး ဆောင်ရွက်ပေးရန်နှင့်  စာမေးပွဲစည်းကမ်းများအတိုင်း အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးကာ ခေတ်မီ စာကြည့်တိုက်ဖြစ်စေရေး  ဖြည့်ဆည်းဆောင်ရွက်ရန်၊ ဆရာနှင့် ကျောင်းသားများ စာကြည့်တိုက် အသုံးပြုမှုမြှင့်တင် ရန် မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ ရေရှည်အကျိုးစီးပွားကို အမှန်တကယ် ဖြစ်ထွန်းစေမည့် သုတေသနလုပ်ငန်းများဖြင့် ရှင်သန်သက်ဝင်နေသော တက္ကသိုလ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ နည်းပညာရည် ပြည့်ဝကာ ဗလငါးတန်နှင့် ပြည့်စုံသော မျိုးဆက်သစ် အင်ဂျင်နီယာကောင်းများ ပေါ်ထွန်းလာစေရေး အလေးထားဆောင်ရွက်ရန်၊ ပြည်သူများက ယုံကြည်အားထားရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရေးတို့အတွက် အရည်အသွေးများကို အစဥ်သုံးသပ်မြှင့်တင်ကြရန် တိုက်တွန်း မှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည်  တက္ကသိုလ်ဥပဓိရုပ်တင့်တယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

1
2
3
5
7
8
9
10
11
12
12-1
13
15
15-1
15-2
16
17
22
23
24
26
27
28
29
30
31
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *