ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နေပြည်တော်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် နည်းပညာတက္ကသိုလ်တို့၌ ကျောင်းသားများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေး

နေပြည်တော်၊ မတ် ၂၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံရှိ စာမေးပွဲခန်းများတွင် အင်ဂျင်နီယာဘာသာရပ်နှင့် သင်တန်းနှစ်များ အလိုက် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးရာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ ဖြေဆိုမှုအခြေအနေများနှင့် ဖြေဆိုမှုအဆင်ပြေစေရေးအတွက် ကျန်းမာရေးနှင့် သွားလာရေး ကိစ္စများနှင့် အခြားပံ့ပိုးဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့်  စာမေးပွဲစည်းကမ်းများအတိုင်း အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် လက်တွေ့ခန်းများနှင့် ကျောင်းဝင်းသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဥ်များတွင် လက်တွေ့ကျကျ အထောက်အကူပြုနိုင်မည့် နည်းပညာရှင်များကို အရည်အသွေးစံနှုန်းများနှင့်အညီ စဥ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် နေပြည်တော်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး စာမေးပွဲခန်းအသီးသီးတွင်  ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးရာ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ ဖြေဆိုမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် လက်တွေ့ခန်းများတွင် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်း ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။ ယင်းနောက် ဒုတိယ ဝန်ကြီးသည် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံတကာနှင့်ရင်ပေါင်တန်းကာနည်းပညာဖွံ့ဖြိုးတိုးတက်မှုနောက်ကျ မကျန်ခဲ့ရအောင် စဥ်ဆက်မပြတ် လေ့လာ ဆောင်ရွက်ကြရန်၊ ပြည်သူများအတွက် အမှန်တကယ် အကျိုးပြုနိုင်သည့် စွမ်းရည်မြင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေးတို့အတွက် အရည်အသွေးများကို အစဥ်ဆန်းစစ်၍ မြှင့်တင်ကြရန်၊ တိုင်းကျိုးပြည်ပြု သုတေသနများဖြင့် ရှင်သန်သက်ဝင်ကာ Ranking မြင့် သုတေသနအခြေပြု တက္ကသိုလ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်ပြည်သူများက ယုံကြည်အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံ့မျိုးဆက်သစ် အင်ဂျင်နီယာကောင်းများ ပေါ်ထွန်းလာစေရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားကြောင်း သိရသည်။

1
1-1
1-2
2
3
4-4-1
5
7
8
8-1
11
12
13
14
15
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *