နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲဝင် ကျောင်းသားများ အားကစားပြတိုက်နှင့် အမျိုးသားပြတိုက်သို့ လေ့လာ၊ ဆီမီးဖိုင်နယ်အတွက် ဆက်လက်လေ့ကျင့်

နေပြည်တော် ဧပြီ ၄

ယနေ့ နံနက်ပိုင်း၌ နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိ သူများက ဦးဆောင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲမှ အသင်းအုပ်ချုပ်သူ ၁၄ ဦး၊ ကျောင်းသားအားကစားသမား ၂၅၃ ဦးတို့သည် နေပြည်တော်၊  ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားပြတိုက်၌ ခေတ်အဆက်ဆက် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီး များ ရယူခဲ့သော ဆုတံဆိပ်၊ ဆုဖလားများ၊ မြန်မာ့အားကစားသမားများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံများပြခန်းရှိ နိုင်ငံ့ဂုဏ်ဆောင်ဆုရရှိခဲ့သူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများ၊ ကျင်းပပြီး အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင် အာရှအားကစားပြိုင်ပွဲများမှ ရွှေတံဆိပ် ၄ ခု အထက်ရရှိခဲ့သူများ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ၏ ပုံတူရုပ်ထုများကို ခင်းကျင်းပြသထားသည့်  မြန်မာ့အားကစား မော်ကွန်းခန်းမတို့ကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြသည်။

ဆက်လက်၍ ကျောင်းသားများသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသား ပြတိုက်တွင် လက်ဆောင်ပစ္စည်းများပြခန်း၊ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ပြခန်း၊ ပန်းချီပြခန်း၊ မြန်မာ့အနုသုခမပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ် ပြခန်း၊ သီဟသနပလ္လင်ပြခန်း၊ မြန်မာ့လက်မှုအနုပညာပြခန်းနှင့် အာဆီယံပြခန်း များကို စိတ်ဝင်တစား အသေးစိတ် လေ့လာကြည့်ရှုကြပါသည်။

ညနေပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူ များသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၁ နှင့်  ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၃ တို့တွင် ဆီမီး ဖိုင်နယ်ပွဲစဉ် ကစားမည့် အသင်းများမှ လေ့ကျင့်နေမှုများကို ကြည့်ရှုပြီး ကျောင်းသားအားကစား သမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ နိုင်ငံတကာ တက္ကသိုလ်အသင်းများနှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်သည့် အသင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊  ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက် မြတ်သော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်ဘောလုံးသမားများဖြစ်သည်အထိ ကြိုးပမ်းစွမ်းဆောင် ကြရန် တိုက်တွန်းပြောကြားကာ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *