သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Mekong Institute တို့ပူးပေါင်း၍“National Workshop on Promoting School-Industry Partnership” အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၁၄

ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ကျောင်းနှင့်လုပ်ငန်းခွင်  ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လာစေရန်၊ မတူကွဲပြားသည့် စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှု ကဏ္ဍအသီးသီးအတွက် လိုအပ်လာမည့် ကျွမ်းကျင်မှုများနှင့်  ကျောင်းများမှ ပေးအပ်လျက်ရှိသည့် Skills၊ Knowledge နှင့် Attitudes များအကြား ကွာဟချက် အနည်းဆုံးနှင့် ကိုက်ညီမှုရှိလာစေရန်၊ ကျောင်းနှင့် စက်မှုလုပ်ငန်းများအကြား ချိတ်ဆက်မှု အားကောင်းပြီး သင်ရိုးညွှန်းတမ်းများ အဆင်မြှင့်တင်ခြင်း၊ Resources များ မျှဝေသုံးစွဲ၍ နည်းပညာများအပြန်အလှန် ဖလှယ်နိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးဆောင်ရွက်နိုင်ခြင်းနှင့် TVET ကျောင်းသား၊ ကျောင်းသူများအတွက် လက်တွေ့လုပ်ငန်းခွင် နယ်ပယ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပြီး အရည်အသွေးရှိသည့် TVET Technicians နှင့် Skills Workforce များ ရရှိစေနိုင်ခြင်းတို့အတွက် ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ယနေ့ နံနက် (၉ ၃၀)နာရီတွင် “National Workshop on Promoting School-Industry Partnership” အလုပ်ရုံဆွေးနွေးပွဲအား zoom meeting platform အသုံးပြု၍ Online စနစ်ဖြင့် ကျင်းပခဲ့ရာနည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အစီအစဉ်အရ ပထမဦးစွာ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း (SITE)၏ ကျောင်းအုပ်ကြီး ဒေါက်တာနေဇာအောင် မှSchool-Industry ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့် အစီအစဉ်များအားလည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ “Covid-19 အလွန် School-Industry ပူးပေါင်းဆောင်ရွက်နိုင်သည့် အစီအစဉ်များ” နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအေးလင်းမှ“သင်တန်းဆင်းများ အလုပ်အကိုင်ရရှိ​ရေးအတွက် လက်ရှိ​ပူးပေါင်းဆောင်ရွက်​နေမှုများနှင့် ​ရှေ့အလားအလာများဆိုင်ရာ လုပ်ငန်းရှင်များ၏ အမြင်သ​ဘောထား”နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း လူစွမ်းအားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ဥက္ကဋ ္ဌဦးကျော်ကျော်ဆင့်မှ Hotel and Tourism  ကဏ္ဍ၏ School-Industry ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ Mandalay Technology Co.Ltd ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာဇော်နိုင်က“School-Industry ပူးပေါင်းဆောင်ရွက်ရေးတွင် စက်မှုလုပ်ငန်းအသင်းအဖွဲ့များ (Industrial Association)နှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများ (LocalGovernment)၏ အခန်းကဏ္ဍ”နှင့်စပ်လျဉ်း၍ လည်းကောင်း အသီးသီးဆွေးနွေး ပြောကြားခဲ့ကြပြီး တက်ရောက်လာသူများမှ အပြန်အလှန် သိလိုသည်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ နည်းပညာအထက်တန်းကျောင်းနှင့် သက်မွေးပညာသင်တန်းကျောင်းများ မှ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ သက်ဆိုင်ရာကျောင်းများရှိရာ ဒေသတွင်းမှ စက်ရုံ၊ အလုပ်ရုံနှင့် စက်မှုလုပ်ငန်းများမှ ကိုယ်စားလှယ်များ၊ စက်မှုဇုန်တာဝန်ခံများ၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ အပါအဝင် စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။                                                                                                                

Leave a Reply

Your email address will not be published. Required fields are marked *