(၈၄)ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကော်မတီ အစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ အောက်တိုဘာ ၂၀

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်မှ ၂၀ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ Bohol မြို့၊ “Bellevue Resort” တွင် (၈၄)ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ကော်မတီ (84th Meeting of ASEAN Committee on Science, Technology and Innovation – COSTI-84) နှင့် ဆက်စပ်ဆပ်ကော်မတီများ အစည်းအဝေးကို ကျင်းပခဲ့ရာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့် COSTI နည်းပညာဆပ်ကော်မတီ အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။

COSTI 84 ဖွင့်ပွဲအခမ်းအနားတွင် အလှည့်ကျ ဥက္ကဋ္ဌ၊ Chair-COSTI ဘရူးနိုင်းနိုင်ငံ၊ ပို့ဆောင်ရေးနှင့် သတင်းအချက်အလက်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် Mr. Mohammad Nazri Mohammad Yusof က အဖွင့်အမှာစကားပြောကြားပြီး ဖိလစ်ပိုင်နိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ Undersecretary Dr. Leah J. Buendia က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။  ယင်းနောက် ASEAN Textile S&T Exposition ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြီး  ASEAN နိုင်ငံအလိုက် Textile နည်းပညာနှင့် ရိုးရာအဝတ်အစားများ ခင်းကျင်းပြသခဲ့ပါသည်။

COSTI နည်းပညာဆပ်ကော်မတီအလိုက် ဆွေးနွေးချက်များအား COSTI ကော်မတီ အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ကြပြီး အာဆီယံနိုင်ငံများအကြား ASEAN Technology Hub ထူထောင်ခြင်း၊ Artificial Intelligence ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေး Network on Bio-Circular and Green Economy ၊ ဒေသတွင်း သုတေသနအခြေခံအ‌ဆောက်အဦဆိုင်ရာ မဟာဗျူဟာအကောင်အထည်ဖော်ရေးကိစ္စများ ဆွေးနွေးညှိနှိုင်းခဲ့ပြီး အာဆီယံနှင့် မိတ်ဖက်အဖွဲ့ များဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ ဥရောပသမဂ္ဂ တို့ဖြင့် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ သုတေသနများ စာတမ်းရွေးချယ်အတည်ပြုခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် ညီလာခံများပူးတွဲကျင်းပရေးနှင့် အမျိုးသမီးသုတေသနပညာရှင်များ ပိုမိုပါဝင် ဆောင်ရွက်နိုင်ရေးနှင့် ဆုချီးမြှင့်ပေးနိုင်ရေးကိစ္စရပ်များကို သီးခြားစီ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

1
1-2
2
3
4
5
7
8
9
10
11
11-1
12
13
14
15
16
17
previous arrow
next arrow

Leave a Reply

Your email address will not be published. Required fields are marked *