ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Chongqing မြို့တွင် ပြုလုပ်ကျင်းပသော The Belt and Road Conference on Science and Technology Exchange ဖွင့်ပွဲအခမ်အနား တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ ၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် နိုဝင်ဘာ ၆ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော “The Belt and Road Conference on Science and Technology Exchange” ဖွင့်ပွဲအခမ်းအနားသို့ ဒေသတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။

ထိုဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုသိန်းကျော်သည် ငယ်ရွယ်သော သိပ္ပံပညာရှင်များအတွက် “The Belt and Road Forum” တွင် လူငယ်သိပ္ပံပညာရှင်များနှင့် တွေ့ဆုံကာ ယနေ့လူငယ်ပညာရှင်များ၏ စွမ်းဆောင်ရည်၊ သုတေသနနှင့် တီထွင်ဖန်တီးနှိုင်မှုသည် အနာဂါတ်ကမ္ဘာနှင့် လူသားများအတွက် အလွန်အရေးပါကြောင်း၊  လူငယ်သိပ္ပံပညာရှင်များ အနေဖြင့် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော စိန်ခေါ်မှုများကို ဖြေရှင်းကြရာတွင် ကမ္ဘာနှင့် လူသားများအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေရန် ဦးတည်ဆောင်ရွက်ရင်း မိမိတို့၏ စုပေါင်းအားနှင့် စွမ်းဆောင်ရည်များကို ပိုမိုကောင်းမွန်စေခြင်းကြောင့် ကြိုးပမ်းဆောင်ရွက် ကြစေလိုပါကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားကာ တက်ရောက်လာသော လူငယ်သိပ္ပံ ပညာရှင်များနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ပါသည်။

ထို့နောက် ဒေသတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ကာ “သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပိုမိုနီးကပ်သော ဆောင်ရွက်မှု တည်ဆောက်ခြင်း” အကြောင်းအရာနှင့် “တီထွင်ဆန်းသစ်မှုဖြင့် မောင်းနှင်သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့” အကြောင်းအရာတို့အား အပြန်အလှန်ဆွေးနွေးခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး H.E Prof. YIN Hejun မှ တည်ခင်းဧည့်ခံခဲ့သော ညစာစားပွဲသို့  ဒေသတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးများ နှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

2
2-1
2-2
3
3-1
3-2-1
3-2-3
4-1
4-2
4-2-1
4-3
4-3-1
6-3-2
6-3-2-1
6-3-3
6-3-3-1
6-3-4
6-3-4
6-3-5
6-3-6
6-4
7-0
7-0-1
7-1
7-3
8
10
10-1
10-2
14
15
16
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *