နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၁၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒုတိယနေ့အဖြစ် ယနေ့နံနက် ၉ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

ရှေးဦးစွာ ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းက နည်းပညာ တက္ကသိုလ်များ၏ သင်ကြားသင်ယူမှုများ၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီခင်က ကွန်ပျူတာတက္ကသိုလ်များအားလုံး၏ သင်ကြားသင်ယူမှုများ၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း တင်ပြရာတွင် ဆရာ ဆရာမများသည် မိမိတို့သက်ဆိုင်ရာ ဘာသာရပ်များတွင် Professional ကျကျ ကျွမ်းကျင်တတ်မြောက်ရန်လိုအပ်ပါကြောင်း၊ မိမိသင်ကြားမည့် ဘာသာရပ်ပိုင်းတွင် ကျွမ်းကျင်မှု ပိုင်နိုင်ရန်သာမက အခြားသောဘာသာရပ်ပိုင်းများကိုလည်း သိရှိနိုင်ရန်အတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သင်ကြားသင်ယူမှုအထောက်အကူပြု Learning materials များကို Learning Management System (LMS) ဖြင့် အသုံးပြုမည်ဆိုပါက ပိုမိုကောင်းမွန်သော သင်ကြားသင်ယူမှုပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊ Kg+12 သင်ရိုးဖြင့် တက်ရောက်လာမည့် ကျောင်းသားကျောင်းသူများအတွက် Curriculum Syllabus ပြင်ဆင်ထားရှိရန်နှင့် သင်ရိုးညွှန်းတမ်းနှင့် အတူ Credit System စနစ်ကျင့်သုံးရေး ပြင်ဆင်ထားလျက်ရှိပါကြောင်းနှင့် ယနေ့ခေတ်တွင် Digitalization သည် မရှိမဖြစ်လိုအပ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

ယင်းနောက် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်က နေပြည်တော်နည်းပညာတက္ကသိုလ်တွင် ဆောင်ရွက်ထားရှိသည့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အခြေခံ အဆောက်အဦနှင့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ ကျောင်းသားကျောင်းသူများအနေဖြင့် တက္ကသိုလ် ပရဝုဏ်အတွင်း နေရာမရွေးအချိန်မရွေး လေ့လာသင်ယူနိုင်အောင်စီစဉ်ထားရှိခြင်း၊ မိမိသင်ကြားရမည့် ဘာသာရပ်များအား ကြိုတင်လေ့လာသိရှိနိုင်ခြင်း၊ စာသင်ခန်းများနှင့်လက်တွေ့ခန်းများတွင် Smart Interactive Whiteboard များ အသုံးပြု၍ သင်ကြားသင်ယူမှုများဆောင်ရွက်နိုင်ခြင်း၊ ဘာသာရပ်နှင့် သက်ဆိုင်သည့် သင်ခန်းစာများအား နိုင်ငံတကာတက္ကသိုလ်များတွင် သင်ကြားသင်ယူမှုများနှင့် လက်တွေ့ဆောင်ရွက်နေမှုများအား ကြည်ရှု့လေ့လာသင်ယူနိုင်ခြင်း၊ Learning Management System အသုံးပြု၍ သင်ကြားသင်ယူမှုများနှင့် အကဲဖြတ်မှုများအား ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံတကာအဆင့်မီမေးခွန်းပေါင်း သုံးသောင်းကျော်ပါဝင်သည့် Question Bank တည်ဆောက်ထားရှိပြီး စာမေးပွဲမေးခွန်းများကို ဘက်လိုက်မှုကင်းစွာ ကျပန်းစနစ်ဖြင့်၊ ကျောင်းသားတစ်ဦးလျှင်(၁)စုံ၊ မေးခွန်းထပ်တူညီမှုမရှိပဲ ဖြေဆိုနိုင်ရန် အလိုအလျောက် မေးခွန်းထုတ်သည့်စနစ်ပါဝင်ခြင်း၊ Software-based Language Lab ဆောင်ရွက်ထားရှိခြင်း၊ အချိန်နှင့် နေရာမရွေး လေ့လာဖတ်ရှု့နိုင်သော Internal e-Library တည်ထောင်ထားရှိခြင်းနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိရလဒ်များကို အချိန်နှင့်တစ်ပြေးညီ သိရှိဆန်းစစ် နိုင်ခြင်းတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရန် အတွက်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေး၊ အခြေခံအဆောက်အဦများ၊ သင်ထောက်ကူစက်ပစ္စည်းများကို ပြည့်စုံလုံလောက်စေရေးအတွက် ဖြည့်ဆည်းပေးခြင်းသည် အ‌ရေးကြီးသကဲ့သို့ အမှန်တကယ် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ သက်ဆိုင်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ အနေဖြင့် မိမိတို့တက္ကသိုလ်ရှိ သင်ကြားရေး ဆရာ ဆရာမ ဝန်ထမ်းများနှင့် စီမံဝန်ထမ်းများအား တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ရိုသေလေးစားသမှုဖြင့် ကူညီဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သင်တန်းနှင့် ကျောင်းသားရေးရာဆိုင်ရာကိစ္စများ ဆောင်ရွက်ရာတွင် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ကျင့်သုံးဆောင်ရွက်နေသော လုပ်ထုံးလုပ်နည်းများအား တပြေးညီဖြစ်စေရန်၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်၊ လုပ်ထုံးလုပ်နည်းများ နားလည်စေရန်နှင့် Kg+12 သင်ရိုးဖြင့် တက်ရောက်လာမည့် ကျောင်းသားကျောင်းသူများအတွက် သင်ရိုးညွှန်းတမ်းနှင့်အတူ Credit System စနစ်ကျင့်သုံးရေး ပြင်ဆင်ထားရန်စသည်တို့ကို လမ်းညွှန်မှာ ကြားပြီး ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၏ တင်ပြမှုများအပေါ် လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ တက်ရောက်ကြပြီး မိမိတက္ကသိုလ်များ အလိုက် သင်ကြားသင်ယူရေးဆိုင်ရာများ၊ တည်ဆောက်ရေးဆိုင်ရာများ၊ ဘဏ္ဍာရေးဆိုင်ရာများ၊ ဝန်ထမ်းရေးရာဆိုင်ရာများနှင့်စပ်လျဉ်း၍ တင်ပြကြကြောင်းသတင်းရရှိသည်။

1
2
3
4
5.1
5
6
7.1
7.2
7.3
7
8
9.2
9.3.1
9.3.2
9.3
9
10
11.1
11
12
13
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *