ရန်ကုန်နည်းပညာတက္ကသိုလ်၌ National Conference on Science and Engineering (2023) ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံဖွံ့ဖြိုးရေး တစ်တပ်တစ်အားဖြစ်စေမည့် အရည်အသွေး ပြည့်ဝ၍ ကျင့်ဝတ်ကောင်းမွန်သော အင်ဂျင်နီယာနှင့် ဗိသုကာများကို မွေးထုတ်ပေးလျက်ရှိပြီး တိုင်းကျိုးပြည်ပြု သုတေသနများကို အလေးထားဆောင်ရွက် လျက်ရှိကာ ၂၀၀၈ ခုနှစ်မှ စတင်ပြီး National Conference on Science and Engineering များကို  အောက်မြန်မာပြည်နှင့် အထက် မြန်မာပြည် နှစ်ပိုင်းခွဲ၍ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့၌ နှစ်စဥ် ကျင်းပခဲ့သည်။

မြန်မာ့အင်ဂျင်နီယာပညာရေး ဦးသျှောင်ဖြစ်သည့် ရန်ကုန်နည်းပညာတက္ကသိုလ်ကို နိုင်ငံတကာ အဆင့်မီ သုတေသန အခြေပြု တက္ကသိုလ်ကြီး တစ်ခုအဖြစ် ပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၉ နာရီတွင် ယင်းတက္ကသိုလ်၌ National Conference on Science and Engineering (2023) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊  ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာ/ကွန်ပျူတာတက္ကသိုလ်များမှပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် အင်ဂျင်နီယာပညာရပ် ဆိုင်ရာ အရည်အသွေး အသိအမှတ်ပြုရေး ကော်မတီတို့မှ တာဝန်ရှိသူများ၊ စာတမ်းရှင်များ ပေါင်း၂၀၀ ဦး ခန့် တက်ရောက်ကြသည်။

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက  အဖွင့်မိန့်ခွန်း ပြောကြားရာတွင် – ယနေ့ခေတ်၌ သိပ္ပံနှင့် နည်းပညာရပ်များသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်နေသဖြင့် မိမိတို့သည်လည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး ကြိုူးပမ်းဆောင်ရွက်ကြရန်၊ဆက်စပ်ဌာန/တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကာ ပေါကြွယ်ဝသော သယံဇာတရင်းမြစ်များကို အကျိုးရှိရှိ အသုံးချ၍ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ပီပြင်စွာ ဖော်ဆောင်ပေးမည့် သုတေသနများ ရှေးရှုဆောင်ရွက်ရင်း University Ranking မြင့်မားစေရေး ဆောင်ရွက်ရန်၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုနိုင်ရန်အတွက် သုတေသနရလဒ်များအား လက်တွေ့ကျကျ အသုံးချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်၊ စာတမ်းများ  အရည်အသွေး မြင့်မားစေရေး အစဥ်ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားသည်။ ထို့နောက် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်က နှုတ်ခွန်းဆက်စကားနှင့် Keynote Speaker များက အသီးသီး ဟောပြောကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် Keynote Speaker များအား ဂုဏ်ပြုလွှာများ ပေးအပ်ပြီး စာတမ်းရှင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် Parallel Session များတွင် သုတေသနစာတမ်းရှင်များက စာတမ်းဖတ်ကြားနေမှုများကို ကြည့်ရှုအားပေးပြီးနောက် ပင်မဆောင်တွင် 20 kW Solar Hybrid System တပ်ဆင်ပြီးစီးမှုအခြေအနေများ၊ စာကြည့်တိုက်မွမ်းမံပြင်ဆင်ပြီးစီးမှု အခြေအနေများ၊ လိပ်ပြာတောင်နှင့်  ကျောင်းသားအဆောင်များတွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

1
1-1
1-1-2
2-1
2-2
2-2-2
2-5
3-1-1
3-8
3-9
3-10
3-11
3-11-2
3-13-1
3-13-2
3-13-3
14
15
16
17
18
19
19-1
20
21
21-1-1
21-1-2
21-1-3
21-1-4
21-5
23-2
23-2-1
23-3-1
23-3-3
23-3-4
23-4
23-9
29
32
33-1
33-2
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *