“တရုတ်-အာဆီယံ ဆန်းသစ်တီထွင်မှုနှင့်စွန့်ဦးတီထွင်မှုပြိုင်ပွဲ” (2022 China-ASEAN Innovation and Entrepreneurship Competition)သို့ ပါဝင်ယှဉ်ပြိုင်လျှောက်ထားနိုင်ကြောင်း သတင်းထုတ်ပြန်ခြင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ASEAN Secretariat တို့ပူးပေါင်း၍ "တရုတ်-အာဆီယံ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုပြိုင်ပွဲ" အား ၂၀၂၂ခုနှစ်၊ (အောက်တိုဘာလ မှ ဒီဇင်ဘာလ)အတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
  • သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်
  • တရုတ်နှင့် အာဆီယံဒေသတွင်း ဆန်းသစ်တီထွင်မှု စွမ်းရည်ကိုမြှင့်တင်ရန်
  • မျှဝေသောအနာဂတ်ဖြင့် တရုတ် - အာဆီယံ အသိုက်အဝန်းကို ပိုမိုခိုင်မာလာစေရန်
  • မျှဝေသော အနာဂတ်အတွက် ဆန်းသစ်တီထွင်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း
    (Innovation Cooperation for a Shared Future)
    • တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာန၊
    • သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ အာဆီယံကော်မတီ (ASEAN COSTI)
    • တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်နည်းပညာစက်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန
    • Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ သိပ္ပံနှင့်နည်းပညာဌာန (တရုတ်-အာဆီယံ နည်းပညာလွှဲပြောင်းရေးစင်တာ-CATTC) Guangxi စက်မှုနည်းပညာတက္ကသိုလ်
    ၁။
    မှတ်ပုံတင်ခြင်းနှင့် အကဲဖြတ်ခြင်း (Registration and Evaluation) ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၈)ရက် မှ စက်တင်ဘာလ (၃၀)ရက်နေ့ထိ
    ၂။
    အရည်အချင်းပြည့်မီကြောင်းအတည်ပြုခြင်း (Eligibility Confirmation) ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်
    ၃။
    ပဏာမရွေးချယ်ခြင်း (Initial Selection) ၂၀၂၂  ခုနှစ်၊ အောက်တိုဘာလ
    ၄။
    ဆီမီးဖိုင်နယ် (Semi-final) ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ
    ၅။
    ဖိုင်နယ် (Final) ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ
    Period: ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၈)ရက်မှ စက်တင်ဘာလ (၃၀)ရက်နေ့ထိ
    Deadline for registeration: ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်
    Official website for registration: www.caiec.cattc.org.cn
    • Registration ပြုလုပ်ရာတွင် ပူးတွဲပါရှိရမည့်အချက်များ
      • Registration Form (Team Groups/ Enterprise Group)
      • Participation Commitment Letter (Team Groups/ Enterprise Group) ID card (Front side/Back side) or Passport’s First Page (scanned copy)
      • Business Plan
      • Business license (scanned copy)
      • Power Point Presentations
      • Other Supplementary materials
    • အချက်အလက်များပြင်ဆင်ရာတွင် Scoring rubric အရအောက်ပါအချက်များ ပါဝင်သင့်ပါသည်-
      • Technologies & Production
      • Business model & Implementation plan
      • Industry & Market
      • Group situation
      • Financial analysis
    • အဖွဲ့တစ်ခုစီတွင် အဓိကအဖွဲ့ဝင် အနည်းဆုံး(၃)ဦး ရှိရပါမည်။
    • website တွင် စာရင်းသွင်းရန် အဆင်မပြေပါက registration form အား download ပြုလုပ်၍ အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်၍ email: [email protected] သို့ ပေးပို့နိုင်ပါ သည်။
    • အီးမေးလ် Subject တွင် "CAIEC registration-project name-contact person" ထည့်သွင်း ဖော်ပြပေးရမည် ဖြစ်ပါသည်။

    ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လျှောက်ထားမည့် လုပ်ငန်းအဖွဲ့များ၊ အသင်းအဖွဲ့များသည် CAIEC website (www.caiec.cattc.org.cn) တွင် register ပြုလုပ်လျှောက်ထားပြီးပါက အမည်စာရင်းအား သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ email: [email protected] ၊ greenrose.lwin @gmail.com တို့သို့ ပြန်လည်ပေးပို့ပေးနိုင်ပါရန် နှင့် သိရှိလိုသည်များရှိပါက ဖုန်း (၀၉ - ၄၃၁၅၀၅၄၅ ၊ ၀၁ - ၆၆၅၂၉၂) သို့ ဆက်သွယ်နိုင်ပါသည်။

    • Modern Agriculture: ခေတ်မီလယ်ယာ စိုက်ပျိုးရေး၊ သစ်တော၊ တိရစ္ဆာန်မွေးမြူရေး နှင့် ရေလုပ်ငန်း ကဏ္ဍများ၊ ဇီဝလောင်စာစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသုံးချရေး
    • Digital Economy: ဒစ်ဂျစ်တယ်ထုတ်ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်နည်းပညာ အသုံးချမှု
    • Biomedicine and Health: ဇီဝဆေးဘက်ဆိုင်ရာလုပ်ငန်းများ၊ ဇီဝဆေးပညာ အင်ဂျင်နီယာ လုပ်ငန်းများ၊ ဇီဝစိုက်ပျိုးရေးနှင့် ဆက်စပ်စက်မှုလုပ်ငန်းများ၊ ဇီဝလောင်စာ စွမ်းအင်လုပ်ငန်း
    • Energy Conservation and Environmental Protection: စွမ်းအင်ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်း ကျင် ကာကွယ်ရေးလုပ်ငန်းများ၊ စွမ်းအင်ချွေတာရေးလုပ်ငန်းများ
    • လုပ်ငန်းအဖွဲ့များ (Enterprise Groups)
      • မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ နောက်ပိုင်းတွင် တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာစွန့်ဦးတီထွင်လုပ်ငန်းအဖွဲ့များ၊ MSME လုပ်ငန်းများ
      • မှတ်ပုံတင် အရင်းအနှီးသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်းထက် မပိုသော လုပ်ငန်းများ
      • ၂၀၂၁ ခုနှစ် တွင် လုပ်ငန်းလည်ပတ်မှု ၀င်ငွေသည် အမေရိကန်ဒေါ်လာ သန်း(၃၀)ထက် မပိုသော လုပ်ငန်းများ
    • အသင်းအဖွဲ့များ (Team Groups)
      • နည်းပညာဆန်းသစ်တီထွင်ခြင်းဆိုင်ရာ အောင်မြင်မှုရှိ၍ လက်ရှိတွင် လုပ်ငန်းအဖြစ် စာရင်းမသွင်း ရသေးသည့် စွန့်ဦးတီထွင်အသင်းအဖွဲ့များ၊ နည်းပညာတက္ကသိုလ်များ၊ ကောလိပ်နှင့်သက်မွေး ပညာကျောင်းများ၊ သုတေသနဌာနများမှ လူငယ်လူရွယ်အသင်း အဖွဲ့များ၊ ဘာသာရပ်သက်ဆိုင်သည့် စိတ်ပါဝင်စားသူများ
      (က) Enterprise Group
    • Competition bonus RMB 50,000 နှင့် ပထမဆု(၁)ဆု
    • Competition bonus RMB 30,000 နှင့် ဒုတိယဆု(၃)ဆု
    • Competition bonus RMB 10,000 နှင့် တတိယဆု(၆)ဆု
    • စုစုပေါင်း (၁၀)ဆု ပေးမည်ဖြစ်ပါသည်။
      (ခ) Team Group
    • Competition bonus RMB 40,000 နှင့် ပထမဆု(၁)ဆု
    • Competition bonus RMB 20,000 နှင့် ဒုတိယဆု (၃)ဆု
    • Competition bonus RMB 7,000 နှင့် တတိယဆု(၆)ဆု
    • စုစုပေါင်း (၁၀)ဆု ပေးမည်ဖြစ်ပါသည်။
      (ဂ) Cooperation Star
    • ဆုရရှိသောအဖွဲ့(၁၀)ဖွဲ့အား တစ်ဖွဲ့လျှင် RMB 3,000
      (ဃ) Creativity Star
    • ဆုရရှိသောအဖွဲ့(၁၀)ဖွဲ့အား တစ်ဖွဲ့လျှင် RMB 3,000
      (က) ပဏာမရွေးချယ်မှု
    • ပဏာမရွေးချယ်မှုကို အချက်အလက်များပြန်လည်သုံးသပ်ခြင်းဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
    • အချိန်ကာလမှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ဖြစ်ပါသည်။
      (ခ) ဆီမီးဖိုင်နယ်
    • "7+5" (7-minute roadshow and 5-minute defense)ဖြင့် on-site နှင့် online ပေါင်းစပ်ယှဉ်ပြိုင် သွားမည်ဖြစ်ပါသည်။
    • ဆီမီးဖိုင်နယ်အတွက် On-site ပြုလုပ်မည့်နေရာများ - Nanning (China)၊ Bangkok (Thailand) နှင့် Singapore တို့၌ ကျင်းပမည်ဖြစ်ပါသည်။
    • ပြိုင်ပွဲ၏ ဖိုင်နယ်သို့ တက်ရောက်နိုင်သည့် အဖွဲ့များ၏စာရင်းကို အများပြည်သူသိရှိနိုင်စေရန် တရားဝင် ၀က်ဘ်ဆိုက်တွင် ထုတ်ပြန်ပေးမည် ဖြစ်ပါသည်။
    • အချိန်ကာလမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ဖြစ်ပါသည်။
      (ဂ) ဖိုင်နယ်
    • ဖိုင်နယ်ပွဲစဉ်များကို တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည်ဖြစ်သည်။
    • လုပ်ငန်းအဖွဲ့ (၁၀)ဖွဲ့နှင့် အသင်းအဖွဲ့(၁၀)ဖွဲ့ခန့်သည် ဖိုင်နယ်သို့ တက်ရောက်မည်ဖြစ်ပြီး on-site နှင့် online အတူတကွ ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
    • ဖိုင်နယ်ပွဲစဉ်များကို လုပ်ငန်းအဖွဲ့များနှင့် အသင်းအဖွဲ့များခွဲ၍ တရုတ်နိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့၌ on-site နှင့် online ကျင်းပမည် ဖြစ်ပါသည်။
    • ပါဝင်ယှဉ်ပြိုင်သည့် ပရောဂျက်များအားလုံးကို "8+7" (8-minute roadshow and 7-minute defense)ဖြင့် ဆုံးဖြတ်မည် ဖြစ်ပါသည်။
    • အချိန်ကာလမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ဖြစ်ပါသည်။

    ပြိုင်ပွဲ၏တရားဝင်ဘာသာစကားမှာ အင်္ဂလိပ်ဘာသာ ဖြစ်ပါသည်။ လိုအပ်ချက်များနှင့်အညီ registration document များအားလုံးကို အင်္ဂလိပ်ဘာသာဖြင့် တင်ပြရမည်ဖြစ်ပါသည်။ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်များ၏ Roadshow နှင့် Q&A တို့ကို အင်္ဂလိပ်ဘာသာဖြင့် ပြုလုပ်မည်ဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပရေးကော်မတီသည် ဖိုင်နယ်အတွက် EN-CH ဘာသာစကားများကို တပြိုင်နက်တည်း ဘာသာပြန်ဆိုပေးမည်ဖြစ်ပါသည်။