အရည်အသွေးပြည့်မီသော သက်မွေးပညာရှင်များ မွေးထုတ်ပေးရေး ကြိုးပမ်းဆောင်ရွက်

ရန်ကုန်၊ မေ ၁၆

ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME များ ဖွံ့ဖြိုးတိုးတက်ရမည် ဖြစ်ရာ တန်ဖိုးမြင့် ဒေသထုတ်ကုန်များကို ခေတ်မီစွာ ထုတ်လုပ်နိုင်ရေးသည် အရေးပါလှ ကြောင်း၊ ယင်းအတွက် Skilled Workforce ရရှိနိုင်ရေးဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီသော သက်မွေးပညာရှင်များမွေးထုတ်ပေးရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ နိုင်ငံ့လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေးအတွက် သတ်မှတ် အရည်အသွေးစံနှုန်းများနှင့်အညီ လက်တွေ့လုပ်ငန်းခွင်၌ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချ နိုင်ရေး လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း၊ ယင်းအပြင် လူငယ်များအား ဘက်စုံ ထူးချွန်ပြီး ကိုယ်ကျင့်တရား ကောင်းမွန်ကာ အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်တတ်၍ ကျင့်၀တ်နှင့်အညီ ဆောင်ရွက်တတ်အောင် ပြုစုပျိုးထောင်‌သွားရန်လိုအပ်ကြောင်း ယခုလ ‌၁၅ ရက်နေ့ မွန်းလွဲပိုင်း၌ ရန်ကုန်မြို့ရှိ နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာန၊ စင်္ကာပူ-မြန်မာသက်မွေးပညာသင်ကျောင်း(SMVTI)နှင့် စက်မှုနည်းပညာလေ့ကျင့် သင်ကြားရေးသင်တန်းကျောင်း(SITE)တို့၌ ကြည့်ရှုစစ်ဆေးစဥ် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက တိုက်တွန်းပြောကြားသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် စင်္ကာပူ-မြန်မာသက်မွေး ပညာသင်ကျောင်း (SMVTI)သို့ရောက်ရှိရာ  ကျောင်းအုပ်ကြီး ဒေါက်တာသိန်းသ်န်းအေး က ရှင်းလင်းတင်ပြပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည် များကိုမှာကြားပြီး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ဒုတိယဝန်ကြီး သည် ပို့ချပေးလျက်ရှိသော ဟိုတယ်နှင့် ခရီးသွားဘာသာရပ်သင်တန်းများ၊ အင်ဂျင်နီယာ ဘာသာရပ် သင်တန်းများ၊ အလုပ်ရုံနှင့် လက်တွေ့ခန်းများတွင် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းထားရှိမှု၊အားကစားကွင်းများကိုစစ်ဆေးပြီး လိုအပ် သည်များကို မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း(SITE)သို့ ရောက်ရှိရာ  ကျောင်းအုပ်ကြီး ဒေါက်တာနေဇာအောင်က ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက Infrastructure ပြည့်စုံပြီး နိုင်ငံတကာ အတွေ့အကြုံရှိသည့် ဆရာ၊ ဆရာမများ ရှိသည့်အတွက် အခြားသော ကျောင်းများနှင့် Integrated project များ ပူး‌ပေါင်းဆောင်ရွက်သင့်ကြောင်း၊ စက်ရုံအလုပ်ရုံများမှ ကျွမ်းကျင် ပညာရှင်များ၊ လုပ်ငန်းရှင်များ ဖိတ်ခေါ်ကာ Knowledge Talk များ စဥ်ဆက်မပြတ် ဆောင်ရွက်ရန်နှင့် NSSA Assessorများရှိသဖြင့် ၎င်းတို့မှတစ်ဆင့် ကျွမ်းကျင်သည့် Assessor များ ပိုမိုရရှိအောင် ဆောင်ရွက်သင့်ကြောင်း မှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် စက်ရုံလုပ်ငန်းဆိုင်ရာ အလိုအလျောက် စက်များ ထိန်းချုပ် ရေးစနစ်များဆိုင်ရာ နည်းပညာသင်တန်း၊ ပြန်လည်ပြည့်ဖြိုးစွမ်းအင်ဆိုင်ရာ နည်းပညာ သင်တန်း၊သစ်ဖြင့်ပြုလုပ်သော ပရိဘောဂများထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာသင်တန်း၊ ရေနှင့် ရေဆိုးစီမံခန့်ခွဲခြင်းဆိုင်ရာ နည်းပညာသင်တန်းနှင့် CNCစက်များဖြင့်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာသင်တန်းများရှိ လက်တွေ့ခန်းများအား စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။  

1
2
3
4
4-
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *