၂၀၂၂-၂၀၂၃ပညာသင်နှစ်၊နည်းပညာနှင့်ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များဆက်လက်ကျင်းပ

နေပြည်တော် မတ် ၂၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများ လိုက်ပါလျက် မတ် ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဒုတိယနေ့၊ အုပ်စုပတ်လည် ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိကွင်းအမှတ် ၁ သို့ရောက်ရှိရာ အုပ်စု ၁ ကွန်ပျူတာ တက္ကသိုလ်(အထက်မြန်မာပြည်) ပွဲစဉ်ဖြစ်သည့် အသင်း(ခ) ကွန်ပျူတာတက္ကသိုလ်(မန္တလေး၊ လားရှိုး၊ တောင်ကြီး)နှင့် အသင်း(ဂ) ကွန်ပျူတာတက္ကသိုလ်(မကွေး၊ မိတ္ထီလာ)များမှ ကျောင်းသား အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ခေတ်အဆက်ဆက် အောင်မြင်ကျော်ကြား ခဲ့တဲ့ တက္ကသိုလ် အားကစားသမားများ၏ ကောင်းမွန်သော သမိုင်းအမွေကို မွေခံထိုက်စေဆိုတဲ့ အတိုင်း ထိန်းသိမ်းမြှင့်တင်ပေးရန် တိုက်တွန်းမှာကြားပြီး ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးသည်။ ယင်းပွဲစဉ်တွင် အသင်း(ခ)မှ အသင်း(ဂ)ကို ၅ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဝဏ္ဏသိဒ္ဓိကွင်းအမှတ် ၃ တွင် အုပ်စု ၃ နည်းပညာတက္ကသိုလ်(အထက် မြန်မာပြည်) ပွဲစဉ်ဖြစ်သည့် အသင်း(ခ) နည်းပညာတက္ကသိုလ် (ကျောက်ဆည်၊ တောင်ကြီး၊ လားရှိုး၊ ပင်လုံ၊ ကျိုင်းတုံ)နှင့် အသင်း(ဂ) နည်းပညာတက္ကသိုလ် (မန္တလေး၊ ရတနာပုံဆိုက်ဘာစီးတီး၊ ကလေး၊ မုံရွာ၊ စစ်ကိုင်း)တို့ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကာ ပြိုင်ပွဲအပြီးတွင် ကျောင်းသား အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။ ယင်းပွဲစဉ်တွင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ အသင်း(ခ)မှ အသင်း(ဂ) ကို ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။

1
2
3
4
4-
5
6
7
8
9
10
10-
11
12
13
14
15
16
17
18
19
20
20-
21
21-
22
23
24
24-
25
25-
26
28
28-
29
29-
29--
30
31
32
33
34
35
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *