မြန်မာ့ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံရေးဆွဲခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် မတ် ၂၄

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်း(၂၀၂၂)ဖြင့် ဆောင်ရွက် သည့် မြန်မာ့ သိပ္ပံ၊ နည်းပညာနှင့် ဆန်သစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲ ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၄ ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးက နိုင်ငံတော်ရှိ ကြွယ်ဝပြီးဖြစ်သည့် သဘာဝအရင်းအမြစ်များမှတစ်ဆင့် ဒေသထုတ်ကုန်များ အကျိုးရှိစွာ ထုတ်လုပ်ကာ သွင်းကုန်အစားထိုး၍ ပို့ကုန်များ စဉ်ဆက်မပြတ် မြှင့်တင်ထုတ်လုပ်ရေး၊ အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရေး အဓိကမောင်းနှင်အားများ ဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် သိပ္ပံနှင့်နည်းပညာရှင်များ၊ သုတေသီများ၊ တာဝန်ရှိသူများ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအားလုံး လက်တွဲညီညီဖြင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရန် အထူးလိုအပ် လှပါကြောင်း။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် လိုအပ်သည့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အရည်အချင်းပြည့်မီသည့် လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက် မပြတ် မွေးထုတ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်၊ လက်ရှိပညာရှင်ကြီးများက မျိုးဆက်သစ် လူငယ်များအား မွေခံထိုက်စေဖြစ်စေရေး မြေတောင်မြှောက်ပေးကာ နိုင်ငံတကာ စွန်းဦးတီထွင် နည်းပညာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်ဆုများ ဆွတ်ခူးရရှိစေရေး အလေးထားဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍများ ဖွံ့ဖြိုးလာပြီး ပြည်တွင်းကုန် ထုတ်လုပ်မှုဆိုင်ရာ အရည်အသွေးများ တိုးတက်မြင့်မားကာ နိုင်ငံတကာ ဈေးကွက်တွင် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်စေရန်အတွက် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုတေသနရလဒ်များမှ နည်းပညာဖြန့်ဝေခြင်းနှင့် နည်းပညာ လွှဲပြောင်းခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

ယနေ့ အလုပ်ရုံဆွေးနွေးပွဲမှ ရေရှည်တည်တံ့သော စွန့်ဦးတီထွင်ဂေဟစနစ် ဖွံ့ဖြိုးတိုးတက် လာစေမည့်နည်းလမ်းများ၊ နိုင်ငံတော်တွင် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင် စေရန် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု တိုးတက်ရေး လမ်းပြမြေပုံရေးဆွဲခြင်းအတွက် အထောက်အပံ့ကောင်းများ ရရှိမည်ဟု လေးနက်စွာ ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ပညာရှင်များ၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့မှ ပါမောက္ခများ၊  စိုက်ပျိုးရေးဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ UMFCCI စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းနှင့် ပုဂ္ဂလိက အသင်းအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ Keynote speakers များ စုံလင်စွာ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *