မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ စီမံကိန်း(၂၀၂၁) ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးတက်ရောက်

နေပြည်တော် မတ် ၂၂

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်း (၂၀၂၁) Launching Ceremony ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Minister Counselor၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ရန်ကုန်နည်းပညာ တက္ကသိုလ်မှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် ဆောင်ရွက်မည့် မဲခေါင် – လန်ချန်းမြစ်ဝှမ်းဒေသရှိ စိုထိုင်းဆနှင့် ပူပြင်းသော ပတ်ဝန်းကျင်ဒေသများတွင် Solar Photovoltaic Module များ၏ စွမ်းဆောင်ရည် လက္ခဏာများနှင့် နည်းပညာဆိုင်ရာ သုတေသနစီမံကိန်းကို ယနေ့ စတင်ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း။

၎င်းစီမံကိန်းတွင် ဆိုလာမော်ဂျူးများဆိုင်ရာ သုတေသန ဓာတ်ခွဲခန်းထူထောင်ခြင်းနှင့် ကွင်းဆင်းသုတေသန ဆောင်ရွက်ခြင်းများပါဝင်ပြီး လက်ရှိအသုံးပြုနေသည် ဆိုလာမော်ဂျူး များအား နည်းပညာစံချိန်စံညွှန်းပြည့်မီမှုနှင့် နိုင်ငံတော်ရှိ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုနှင့် ကိုက်ညီမှုရှိ၊ မရှိ သိရှိရန် သုတေသနများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရရှိလာမည့်သုတေသန ရလဒ်များမှတဆင့်  ဆိုလာမော်ဂျူးများအား ရွေးချယ်အသုံးပြုရာတွင် နည်းပညာဆိုင်ရာ အကြံဉာဏ် များ ပေးနိုင်ခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ မူဝါဒရေးဆွဲရေးအတွက် အခြေခံ လိုအပ်ချက်များကို အထောက် အပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ရှိ ပေါကြွယ်ဝသော နေရောင်ခြည်စွမ်းအင် အရင်းအမြစ်များမှ အကျိုးရှိစွာ လျှပ်စစ်စွမ်းအား ထုတ်ယူသုံးစွဲရာတွင် ပိုမိုပံ့ပိုးပေးနိုင်မည်ဖြစ်ကာ နိုင်ငံတော်တွင် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ပီပြင်စွာ ဖော်ဆောင်နိုင်လာမည်ဖြစ်ကြောင်း။

ဤစီမံကိန်းကို အကောင်အထည်ဖော်ပြီးနောက် ရန်ကုန်နည်းပညာတက္ကသိုလ်မှ နေရောင် ခြည်စွမ်းအင်သုံး Photovoltaic Module နည်းပညာကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံ့အကျိုးပြု သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ၎င်းစီမံကိန်းမှ သုတေသနရလဒ်များ၊ အတွေ့ကြုံ များကို မဲခေါင်- လန်ချန်းမြစ်ဝှမ်းရှိ နိုင်ငံများနှင့် အပြန်အလှန်ဖလှယ်ခြင်းဖြင့် ခိုင်မာအားကောင်း၍ ရေရှည်တည်တံ့သော ဆိုလာနည်းပညာဆိုင်ရာ သုတေသနရပ်ဝန်းတစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Minister Counselor Dr.Zheng Zhihong နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယပိုင်းတွင် Solar Photovoltaic Module များ၏ စွမ်းဆောင်ရည် လက္ခဏာများနှင့် အမျိုးအစား ရွေးချယ်ခြင်းဆိုင်ရာ အသိပညာမျှဝေခြင်း Seminarကို ကျင်းပခဲ့ရာ ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းက အမှာစကား ပြောကြားခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနမှ ကိုယ်စားလှယ်က “ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်နှင့် နေရောင်ခြည်အလင်းစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း နည်းပညာများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတို့မှ ကိုယ်စားလှယ်က “ဆိုလာပြား အမျိူးအစားများနှင့် စွမ်းဆောင်ရည်လက္ခဏာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြကာ အသိပညာများမျှဝေဖလှယ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

1
1-1
2
3
3-
3-0
3-01
3-1
3-2
6
7
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *