သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၇) စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၃၀

သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုမဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇) စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နေ့လယ် ၁ နာရီတွင် ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အထောက်အပံ့ပြုနိုင်ရန်အတွက် ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများနှင့် လုပ်ငန်းများကို အရည်အသွေးရှိပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၇)ကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပြုနိုင်ရန် ဤမဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇)ပါ ဦးစားပေး လုပ်ငန်းများ၊ စီမံကိန်းနှင့်လုပ်ငန်းများကိုကဏ္ဍအလိုက် ဦးစီးဌာနများအကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား ပိုမိုကောင်းမွန်သော ပေါင်းစပ်ညှိနှိုင်းခြင်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၇)၏ အနှစ်ချုပ်ကို ရှင်းလင်းတင်ပြခြင်းနှင့် ခင်းကျင်းပြသထားသော Poster များနှင့် Light Box တို့အား တက်ရောက် လာသူများက ကြည့်ရှုဆွေးနွေးကြပါသည်။ အဆိုပါ အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ စုစုပေါင်းဦးရေ(၁၀၀)ကျော် တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

1
1-1
1-2
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *