အစိုးရစက်မှုလက်မှုသိပ္ပံ(ထားဝယ်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) ဖွင့်ပွဲအခမ်းအနားများ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၃၀

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ထားဝယ်)၊ အစိုးရစက်မှုလက်မှု သိပ္ပံ(တောင်ငူ)နှင့် အစိုးရစက်မှု လက်မှုသိပ္ပံ (သန်လျင်) ဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက် ၉ နာရီတွင် တစ်ပြိုင်တည်း ကျင်းပသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ GTI ကျောင်းသားဟောင်းများ၊ ဆရာ ဆရာမများ၊ စက်မှုလက်မှု လုပ်ငန်းရှင်များ၊ သင်တန်းသား သင်တန်းသူများတက်ရောက်ကြပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (ထားဝယ်) ဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီး များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကာ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်) ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ဖွင့်လှစ်ခဲ့ ကြသည်။

ယင်းနောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများသည် အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံများအတွင်းရှိ မြို့ပြ အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာနှင့် စက်မှုအင်ဂျင်နီယာအလုပ်ရုံများ၊ လက်တွေ့ ခန်းများ၊ စာသင်ခန်းများ၊ စာကြည့်တိုက်နှင့် ကွန်ပျူတာခန်းများကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားများတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များက အဖွင့်အမှာစကားများ ပြောကြားခဲ့ ကြပြီး အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းများမှ ကျောင်းသား ကျောင်းသူများက တေးသီချင်းများ ဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်များကို ကြည့်ရှုအားပေးကြသည်။ အစိုးရစက်မှုလက်မှုသိပ္ပံ (ထားဝယ်)၊ အစိုးရစက်မှုလက်မှု သိပ္ပံ(တောင်ငူ)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)တို့ကို ဖွင့်လှစ်ခြင်းသည် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက်လိုအပ်သည့် နည်းပညာ ကျွမ်းကျင်သည့် ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရေးရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့်ကျောင်းများတိုးချဲ့ ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ၏ သားသမီးများနှင့် အနယ်နယ်အရပ်ရပ်မှ ထူးချွန်ကျောင်းသား ကျောင်းသူများအတွက် သင်ကြားသင်ယူမှု အခွင့်အလမ်းများပိုမိုရရှိစေရန်၊ နည်းပညာနှင့်သက်မွေးပညာရပ်များကို လေ့လာသင်ယူခွင့်ရရှိစေရန် နည်းပညာရှင်၊ အတတ်ပညာရှင်များမွေးထုတ်ပေးရန်နှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင် စေမည်ဖြစ်ကြောင်းသိရသည်။

1
1-1
1-2
1-3
2
2-1
3-1
3-2
3-3
4
4-1
4-2
4-3
5
5-1
6
6-1
6-2
6-3
7
7-1
8
8-1
8-2
8-3
8-4
9-1
9-2
9-3
20
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *