ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့်ဒေါက်တာမျိုးသိန်းကျော်တို့ဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပသည့်(၁၂)ကြိမ်မြောက်နျူကလီးယားနည်းပညာအခြေခံသည့်ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၂) (XII International Forum ATOMEXPO 2022 )သို့တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တို့ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၁ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပသည့် (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၂) (XII International Forum ATOMEXPO 2022)ဖွင့်ပွဲသို့ တက်ရောက်ကြသည်။

အဆိုပါ Forum သို့ နိုင်ငံပေါင်း ၇၄ နိုင်ငံမှနျူကလီးယားဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ Rosatom ၏ အကြီးအကဲဥက္ကဋ္ဌ Alexey Likhachev (အလက်ဆီလီကာချော့) က Forum ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် တက်ရောက်လာကြသူများက (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၂) (XII International Forum ATOMEXPO 2022)တွင် ခင်းကျင်းပြသထားသည့် နျူကလီးယားစက်မှုလုပ်ငန်း၏ ခေတ်မီပြခန်းများနှင့် ပုံစံငယ်များကို လိုက်လံကြည့်ရှုလေ့လာကြ၍ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Sirius Park of Science and Art ရှိ Atom ခန်းမတွင် ပြုလုပ်သည့်မျက်နှာ စုံညီအစည်းအဝေး (Plenary Session) တွင် “Nuclear Spring: creating sustainable future” ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုကို တက်ရောက်လေ့လာကြသည်။ အဆိုပါအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က ပေးပို့သည့်မိန့်ခွန်းအား Rosatom ၏ အကြီးအကဲဥက္ကဋ္ဌ Alexey Likhachev (အလက် ဆီလီကာချော့)က (ကိုယ်စား)ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့်တာဝန်ရှိသူများက Nuclear Energy မှ နိုင်ငံတကာ၏ စွမ်းအင်အကျပ်အတည်းကို ဖြေရှင်းနိုင်မှု၊ သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘဝထိခိုက်မှုမရှိဘဲ နိုင်ငံ၏စီးပွားရေးတိုးတက်မှုကဏ္ဍတွင် အထောက်အကူပြုပုံနှင့် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မှုတို့ကို အလှည့်ကျဆွေးနွေးကြသည်။

ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Rosatom ၏ အကြီးအကဲဥက္ကဋ္ဌ အလက်ဆီလီကာချော့နှင့်သီးခြားတွေ့ဆုံ၍ အသေးစားရေအားလျှပ်စစ်၊ လေအား၊ Nuclear Power Plant (SMR) နှင့်လူသားအရင်းအမြစ် လေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး Non Disclosure Agreement ကို လက်မှတ်ရေးထိုးကြသည်။

ATOMEXPO FORUM မှာ ၂၀၀၉ ခုနှစ်က စတင်ဆောင်ရွက် ခဲ့ပြီးနှစ်စဉ်ကျင်းပဆောင်ရွက်ခဲ့သည့် နိုင်ငံတကာနျူကလီးယား အဖွဲ့အစည်းများဖြစ်သော IAEA နှင့်ဥရောပ၊ လက်တင်အမေရိက၊ အာရှနှင့်အာဖရိကနိုင်ငံအသီးသီးမှ အလေးထားတက်ရောက်သော Forum တစ်ခုဖြစ်သည်။ Nuclear Power မှကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချရေးနှင့် Green Energy သို့ အသွင်ကူပြောင်းရေး ရည်မှန်းချက်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယခု Forum တွင်ဘီလာရုစ်၊ ဇင်ဘာဘွေ၊ ဘူရန်ဒီ၊ မြန်မာ၊ ဥဇဘက်ကစ္စတန် စသည့်နိုင်ငံများနှင့် လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။ ဆွေးနွေးပွဲတွင် Program ပေါင်း ၄၀ ကျော်၊ တက်ရောက်သူပေါင်း ၄၀၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်

photo_2022-11-23_09-12-21
photo_2022-11-23_09-12-21 (2)
photo_2022-11-23_09-12-21 (4)
photo_2022-11-23_09-12-21 (3)
Thaung Han_2581+2577
photo_2022-11-23_09-12-22
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *