ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားနှင့်အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး(၂/၂၀၂၂)ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၁၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ကျင်းပသည့် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ M GALLERY Hotel ၌ကျင်းပရာ အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်လွှားတွင် စံချိန်စံညွှန်းဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ပတ်သက်ပူးပေါင်းဆောင်ရွက်နေသူများနှင့် ဆောင်ရွက်မှု များကို ဂုဏ်ပြုနိုင်ရန်အတွက် ယနေ့ စံချိန်စံညွှန်းနေ့အခမ်းအနား ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားအရည်အသွေး ဆိုင်ရာ အခြေခံအဆောက်အအုံတွင် အဓိက မဏ္ဍိုင်ကြီးများဖြစ်သော စံချိန်စံညွှန်းသတ်မှတ်ခြင်း (Standardization)၊ အသိအမှတ်ပြုခြင်း (Accreditation)၊ တိကျစွာတိုင်းတာခြင်း(Metrology)၊ ဓာတ်ခွဲတိုင်းတာခြင်း(Testing)နှင့် အရည်အသွေးထောက်ခံ ချက်ပြုရေး(Certification) လုပ်ငန်းစဉ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားစံချိန်စံညွှန်း ကောင်စီအဖွဲ့ဝင်များ၏ လမ်းညွှန်ချက်၊ အကြံပြုချက်များနှင့်အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဒေသတွင်း တိကျစွာတိုင်းတာမှု နည်းပညာဆိုင်ရာအဖွဲ့နှင့် အသိအမှတ်ပြုအဖွဲ့များဖြစ်သော Asia Pacific Accreditation Cooperation နှင့် Asia Pacific Metrology Programe တို့၏ အဖွဲ့ဝင်များအဖြစ် ဝင်ရောက်ပြီး အဖွဲ့ဝင်အဖြစ် ခိုင်မာစွာ ရပ်တည်နိုင်မည့် လုပ်ငန်းစဉ်များ၊  capacity building program များ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတွင်း အရည်အသွေးကိုက်ညီမှု အစီအစဉ်များကို နိုင်ငံတကာမှ လက်ခံနိုင်မှာဖြစ်ပြီး ကုန်သွယ်မှုတွင် ကြုံတွေ့ရသည့် နည်းပညာ အခက်အခဲများကို ကျော်လွှားနိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာစေခြင်း၊ အချိန်နှောင့်နှေးမှုမရှိခြင်းနှင့် ဈေးကွက်တွင် ယုံကြည်မှုရရှိစေခြင်းတို့ကြောင့် ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေမှာဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ကြီး၏ Secretary General  Mr Sergio Mujica ၏ World Standards Day (2022) message နှင့် ISO ၏ World Standards Day (2022) ဆိုင်ရာ  ဗီဒီယိုမှတ်တမ်း ပြသခြင်း၊ အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ နှင့် ပတ်သက်၍ Panel Discussion တွင် တာဝန်ရှိသူများက အမျိုးသားအဆင့်အရည်အသွေး အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေ‌ရေးအတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ အမျိုးသားအဆင့် အရည်အသွေး ထောက်ခံချက်ပြုရေးလုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများမှထုတ်လုပ်မှုအလေ့အကျင့်သို့ ကူးပြောင်းခြင်း၊   မြန်မာနိုင်ငံရှိ ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး လိုအပ်သော အကြံပြုချက်များအား ဆွေးနွေးတင်ပြကြပြီး အမျိုးသားအဆင့်အရည်အသွေး ထောက်ခံချက် ပြုရေးအဖွဲ့တွင် သတ်မှတ်သုံးစွဲမည့် Logo အား Logo Competition ပြိုင်ပွဲကျင်းပ၍ ရွေးချယ်ခဲ့ကြပြီး ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ပါသည်။

ထို့နောက် အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် တက်ရောက်လာသည့် ဧည့်သည်တော်များမှ အမျိုးသားအဆင့်အရည်အသွေး အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပိုစတာများပြသခြင်းကို လှည့်လည် ကြည့်ရှုကြပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီအဖွဲ့ဝင်များ၊ နည်းပညာ ဆပ်ကော်မတီ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ အစိုးရ−ပုဂ္ဂလိကကဏ္ဍများ၊ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး နေ့လည်ပိုင်းတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီ (၂/၂၀၂၂)  အစည်းအဝေးကို ဆက်လက်ကျင်းပကြောင်း သတင်းရရှိပါသည်။

1
2
3
4
5
6
7
8
8-1
9
11
12
14
14-1
14-2
14-3
14-4
15
15-1
16
16-1
16-2
17
17-1
23
24
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *