သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရန်ကုန်မြိုရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ သုတေသနဌာနတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဩဂုတ် ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ဩဂုတ် ၁၅ ရက်တွင် နည်းပညာတက္ကသိုလ်(သန်လျင်)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)သို့ လည်းကောင်း၊ ဩဂုတ် ၁၆ ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာသုတေသနဌာနသို့လည်းကောင်း၊ ဩဂုတ် ၁၇ ရက်တွင် ရန်ကုန်နည်းပညာ တက္ကသိုလ်သို့လည်းကောင်း ရောက်ရှိပြီး ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံကာ နည်းပညာတက္ကသိုလ်(သန်လျင်)သည် နိုင်ငံတကာအသိအမှတ်ပြု Quality Management System ဆိုင်ရာ ISO 9001:2015 စီမံခန့်ခွဲရေးစနစ်ကို အကောင်အထည်ဖော် ကျင့်သုံးလျှက်ရှိပြီး တက္ကသိုလ်များ၏ အရည်အသွေးအာမခံမှုနှင့်ပတ်သက်၍ အာဆီယံတက္ကသိုလ်များ ကွန်ယက် ASEAN University Network-Quality Assurance(AUN-QA) ၏ Associate Membership တက္ကသိုလ်ဖြစ်ပါကြောင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်သည်လည်း Quality Management System ဆိုင်ရာ ISO 9001:2015 အသိအမှတ်ပြုလက်မှတ်များကို ရရှိထားပြီး အာရှနှင့်ပစိဖိတ်ဒေသတွင်း အင်ဂျင်နီယာပညာရေး အသိအမှတ်ပြုမှုအဖွဲ့အစည်း (Federation of Engineering Institutions of Asia and Pacific (FEIAP)) ၏ ပဏာမအသိအမှတ်ပြုမှုလက်မှတ် Provisionally Accredited နှင့် အပြည့်အဝအသိအမှတ်ပြုမှုလက်မှတ် Fully Accredited များအားရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် မိမိတို့ရရှိထားသောအရည်အသွေးအာမခံမှုများအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမ များအနေဖြင့် ကျောင်းသား ကျောင်းသူများအား အင်ဂျင်နီယာဘာသာရပ်များကို စာတွေ့လက်တွေ့တက်မြောက်အောင် သင်ကြားပေး ကြရန်လိုအပ်ပါကြောင်း၊ စာတွေ့သာမကလက်တွေ့ကျသည့် သင်ခန်းစာများဖြင့်သင်ကြားပေးပြီး လက်တွေ့အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။

ကွန်ပျူတာတက္ကသိုလ်များသည်လည်း ICT အထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေး စိစစ်အသိအမှတ်ပြုနိုင်ရေးအတွက် Seoul Accord နှင့်အညီ ဆောင်ရွက်လျှက်ရှိပြီး နိုင်ငံတကာ တက္ကသိုလ်များနည်းတူ ICT နည်းပညာကို အသုံးပြုသည့် Learning Management System (LMS) သင်ကြားသင်ယူမှုစနစ်များအသုံးပြု၍ လွယ်ကူလျှင်မြန်ထိရောက် အကျိုးရှိစွာသင်ကြား သင်ယူနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သို့မှသာ အရည်အချင်းပြည့်ဝသော လူ့သားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာရှင်များ၊ သုတေသနပညာရှင်များ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ် ဖြစ်ရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ တက္ကသိုလ်တစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်များထားပြီး သုတေသနဆိုင်ရာကိစ္စရပ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ISO လက်မှတ်ရရှိပြီး တက္ကသိုလ်များအနေဖြင့်လည်း နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်များဖြစ်လာစေရန် ဆက်လက်ကြိုးပမ်းကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားသင်ယူဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး  လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်နှင့် အလုပ်ရုံတို့ကိုလည်းကောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

1
1-1
2
4
5
6
7
7-1 (3)
7-1(1)
8
8-1
8-2
8-4
20
25
33
33-1
34
35
36
37
38
39
39-1
42
42-1
43
44
45
46
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *