အမျိုးသားအဆင့်အရည်အသွေးအခြေခံအဆောက်အအုံဆိုင်ရာ အသိပညာပေးဆွေးနွေးကျင်းပ

ရန်ကုန် ဩဂုတ် ၁၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့  ပူးပေါင်းကျင်းပသည့် အမျိုးသားအဆင့်အရည်အသွေး အခြေခံအဆောက်အအုံဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ရုံးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်းတို့က အမှာစကားများ ပြောကြားကြသည်။

အစီအစဉ်အရ တာဝန်ရှိသူများက အမျိုးသားအဆင့်အရည်အသွေး အခြေခံအဆောက်အအုံခိုင်မာ အားကောင်းစေ‌ရေးအတွက် ဆောင်ရွက် လျက်ရှိသောလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ အမျိုးသားအဆင့် အရည်အသွေးထောက်ခံချက်လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများမှ ထုတ်လုပ်မှုအလေ့အကျင့်သို့ ကူးပြောင်းခြင်း၊  ပြည်တွင်းပြည်ပ လျှပ်စစ်ပစ္စည်းကိရိယာများ စစ်ဆေးခြင်း၊ မြန်မာနိုင်ငံရှိ ဓါတ်ခွဲခန်းများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် ဆောင်ရွက်နေခြင်း၊ ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး လိုအပ်သောအကြံပြုချက်များနှင့် မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးတို့ကို ရှင်းလင်းတင်ပြကြပြီး အမျိုးသားအဆင့်အရည်အသွေး အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းစဉ်နှင့်ပတ်သက်၍ လိုအပ်ချက်များနှင့်အကြံပြုချက်များကို မေးမြန်းဆွေးနွေးကြသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ အစိုးရ−ပုဂ္ဂလိကကဏ္ဍများ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်ဦးစီးဌာနများ၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

1
2
3
4
4-1
5
6
7
8
9
10
11
12
12-1
12-2
12-3
13
14
15
16
17
18
19
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *