သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ်၊ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ပစ္စည်း ပေးအပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန် ၁၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ်အတွက် အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ပညာသင်ကြားနေကြသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ ဦးစီးဌာနများရှိ ဝန်ထမ်းများ၏ သား၊ သမီး ကျောင်းသားကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများရှိ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး အဖြစ်တည်ဆောက်ရာတွင် ပညာရည်မြင့်မားရေးသည် အဓိကအရေးကြီးပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးတွင် ပညာရေးအဆင့်အတန်းမြင့်မားလာ စေရေးကို သက်ဆိုင်ရာဌာနဆိုင်ရာနှင့် အဖွဲ့အစည်းအသီးသီးက အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ သား၊ သမီးများကို ပညာရည်ထူးချွန်ပြီး၊ လူ့ဘောင်အဖွဲ့အစည်းတွင် စည်းမျဉ်းစည်းကမ်းနှင့်အညီ နေထိုင်တတ်ရန်နှင့် နှလုံးရည်ပြည့်ဝသည့် လူတော်လူကောင်းများ ဖြစ်လာစေရန် ဝိုင်းဝန်းကူညီဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အထက်တန်းအဆင့် ပညာသင်ကြားနေသည့် ဝန်ထမ်းသားသမီးများကိုယ်စား သက်ဆိုင်ရာကိုယ်စားလှယ်များထံ ပညာသင်ထောက်ပံ့ပစ္စည်း များကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က အလယ်တန်းအဆင့် ပညာသင်ကြားနေသည့် ဝန်ထမ်းသားသမီးများကိုယ်စား သက်ဆိုင်ရာကိုယ်စားလှယ်များထံ ပညာသင်ထောက်ပံ ပစ္စည်းများကိုလည်းကောင်း၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က မူလတန်းအဆင့် ပညာသင်ကြားနေသည့် ဝန်ထမ်းသားသမီးများကိုယ်စား သက်ဆိုင်ရာ ကိုယ်စားလှယ်များထံ ပညာသင်ထောက်ပံ့ပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ် ခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသားမိဘများကိုယ်စား ကျောင်းသား မိဘတစ်ဦးက ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားသည်။ ယနေ့အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ ဝန်ထမ်းမိသားစုများ၏ ရင်သွေးငယ် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူ ၂၉၁ ဦးတို့အတွက် ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

1
2
3
3-1
3-2
4
5
6
7
8
9
10
11
12
13
14
15
16
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *