သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ ဟင်္သာတ၊ မအူပင်မြို့တို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရ နည်းပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် ၁၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၂ ရက်မှ ၁၅ ရက်အထိ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ ဟင်္သာတ၊ မအူပင်မြို့တို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့သို့ကြည့်ရှုစစ်ဆေးရာတွင် ဇွန် ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် ပြည်ထောင်စုဝန်ကြီး သည် ပုသိမ်မြို့ရှိ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(ပုသိမ်) သို့ရောက်ရှိပြီး ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့်တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက သိပ္ပံနှင့်နည်းပညာကဏ္ဍသည် အစဉ်ဖွံ့ဖြိုး တိုးတက်နေသည့် ကဏ္ဍတစ်ခုဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းများစွာ အထောက် အကူပြုကြောင်း၊ သို့ဖြစ်၍ အရည်အသွေးပြည့်ဝသော သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူသားအရင်း အမြစ်များအား အခြေခံကျွမ်းကျင်လုပ်သားမှသည် နည်းပညာရှင်များ၊ အင်ဂျင်နီယာများနှင့် သုတေသနပညာရှင်များအဖြစ်သို့ စနစ်တကျ မဟာဗျူဟာကျကျဖြင့် လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန် လိုအပ်ပါကြောင်း၊ သင်ကြားသင်ယူမှုများတွင် လုပ်ငန်းခွင်၌ လက်တွေ့အသုံးချ နိုင်သော သုတေသနလုပ်ငန်းများနှင့် Project များကို ပိုင်နိုင်စွာ လုပ်ကိုင်နိုင်အောင် သင်ကြားပြသပေးရန် လိုအပ်ပါကြောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို လုပ်ထုံး၊ လုပ်နည်းများနှင့် အညီ စနစ်တကျဖွဲ့စည်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထို့ပြင် ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်တတ်သော အလေ့အထကောင်းများ ဖွံ့ဖြိုးတိုးတက်ပြီး တီထွင်ဖန်တီးနိုင်သည့် စွမ်းရည်များ ပြည့်ဝရန် လိုအပ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ ကျောင်းသား၊ ကျောင်းသူများအား အဖက်ဖက်မှ အရည်အသွေးပြည့်ဝစေရန် ပုံမှန်သင်ကြားရေးသာမက အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း၊ အသင်းအဖွဲ့ဖြင့်ဆောင်ရွက်တတ်သော အမျိုးသားယဉ်ကျေးမှုကို လေးစားတန်ဖိုး ထားသော၊ စိတ်ဓါတ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော အခြားသော အခမ်းအနား များလည်း ကျင်းပပေးခြင်းတို့ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်(ပုသိမ်)၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)တို့ရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားသင်ယူဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

ဇွန် ၁၄ ရက်တွင်  ပြည်ထောင်စုဝန်ကြီးသည် ဟင်္သာတမြို့ရှိ နည်းပညာတက္ကသိုလ် (ဟင်္သာတ)၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ဟင်္သာတ)သို့ လည်းကောင်း၊ ဇွန် ၁၅ ရက်တွင် မအူပင်မြို့ရှိ နည်းပညာတက္ကသိုလ်(မအူပင်)၊ ကွန်ပျူတာ တက္ကသိုလ် (မအူပင်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်) သို့လည်းကောင်း၊ ရောက်ရှိပြီး သက်ဆိုင်ရာကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် တွေ့ဆုံကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်သည့် အရည်အချင်း ပြည့်ဝသော ပညာရှင်များဖြစ်လာအောင် မွေးထုတ်သင်ကြားပေးရန် လိုအပ် ပါကြောင်း၊ ဆရာဆရာမများသည် မိမိတို့၏ သက်ဆိုင်ရာဘာသာရပ်နယ်ပယ်အသီးသီး၌ မိမိတို့ တတ်သိ နားလည်ထားသလောက်ဖြင့် ကျေနပ်မနေဘဲ မိမိတို့၏ အရည်အသွေး ပိုမိုမြင့်မားမှု ရှိလာစေရန်အတွက် စဉ်ဆက်မပြတ်လေ့လာမှုများ လုပ်ဆောင်ကြရန် တိုက်တွန်းမှာကြားခဲ့ ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် ကွန်ပျူတာ ခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ သင်ကြားသင်ယူဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် ကွန်ပျူတာ တက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့ရှိ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်း များ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်၊ အလုပ်ရုံများ၊ ကျောင်းသား၊ ကျောင်းသူ အိပ် ဆောင်နှင့် ဝန်ထမ်းအိမ်ယာတို့ကို လှည့်လည်ကြည်ရှုစစ်ဆေးကာ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *