နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ဘွဲ့နှင်းသဘင် အခမ်းအနားမျာကျင်းပ

နေပြည်တော်၊ မေ ၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်ရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)၊ နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ ပြည်နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မအူပင်)၊ နည်းပညာတက္ကသိုလ် (ပုသိမ်)၊ နည်းပညာတက္ကသိုလ်(ဟင်္သာတ)၊ နည်းပညာတက္ကသိုလ်(မော်လမြိုင်)၊ နည်းပညာ တက္ကသိုလ်(မကွေး)၊ နည်းပညာတက္ကသိုလ်(မိတ္ထီလာ)၊ နည်းပညာတက္ကသိုလ်(ရမည်းသင်း)၊ နည်းပညာတက္ကသိုလ်(ဘားအံ)၊ နည်းပညာတက္ကသိုလ်(လားရှိုး)၊ နည်းပညာတက္ကသိုလ်(ပင်လုံ)၊ နည်းပညာတက္ကသိုလ်(မြိတ်)၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၊ ကွန်ပျူတာတက္ကသိုလ်(မအူပင်)၊ ကွန်ပျူတာတက္ကသိုလ်(သထုံ)၊ ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)၊ ကွန်ပျူတာတက္ကသိုလ်(လာရှိုး)၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)နှင့် ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ) တို့၌ မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ ဘွဲ့နှင်းသဘင် အခမ်းအနားများကို ကျင်းပကြပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တက္ကသိုလ်အသီးသီးမှ ပညာသင်နှစ်အလိုက် သင်ကြားသင်ယူ အောင်မြင်ခဲ့ကြသော အင်ဂျင်နီယာမဟာဘွဲ့ရရှိသူများ၊ အင်ဂျင်နီယာဘွဲ့ရရှိသူများ၊ ဗိသုကာဘွဲ့ရရှိသူများ၊ ကွန်ပျူတာသိပ္ပံဘွဲ့ရရှိသူများနှင့် ကွန်ပျူတာနည်းပညာဘွဲ့ရရှိသူများ၊ ဘွဲ့လွန်ဒီပလိုမာဘွဲ့ရရှိသူ များအား Video Message ဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားတွင် ပညာသင်နှစ်အလိုက် နည်းပညာတက္ကသိုလ် (၁၆)ကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ် (၇)ကျောင်း၊ စုစုပေါင်းတက္ကသိုလ် (၂၃) ကျောင်းတို့၏ ဘွဲ့နှင်းသဘင်အခမ်းအနားများတွင် ၂၀၀၉-၂၀၂၀ ပညာသင်နှစ်အတွက် သင်ယူတတ်မြောက် အောင်မြင်ခဲ့ကြသည့် အင်ဂျင်နီယာဘွဲ့၊ ဗိသုကာဘွဲ့၊ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့၊ အင်ဂျင်နီယာမဟာဘွဲ့နှင့် ကွန်ပျူတာဒီပလိုမာဘွဲ့ များ၏ ဘွဲ့လက်မှတ်များကို အသီသီးအပ်နှင်းသွားမည်ဖြစ်ပါကြောင်း။

ယနေ့ခေတ်တွင် သိပ္ပံနှင့်နည်းပညာဘာသာရပ်များသည် လျင်မြန်စွာ တိုးတက်ပြောင်းလဲ လျက်ရှိပြီး ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်တတ်မြောက်မှု (Digitalization) သည် လူတစ်ဦးချင်းစီ၊ လုပ်ငန်းကဏ္ဍနှင့် ဒေသဆိုင်ရာ အောင်မြင်မှုများအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ရပ်အဖြစ် နေရာယူလျက်ရှိပါကြောင်း၊ ICT နည်းပညာကျွမ်းကျင်စွာအသုံးပြု၍ ပညာရေး၊ သုတေသနနှင့် သိပ္ပံနှင့်နည်းပညာနယ်ပယ်များကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ အင်ဂျင်နီယာနှင့် ကွန်ပျူတာပညာရှင်ကောင်းများ လိုက်နာ ရမည့် ကျင့်ဝတ်များကို စောင့်ထိန်းဖို့လိုအပ်သလို လုပ်ငန်းခွင်စည်းကမ်း၊ ရပ်ရွာစည်းကမ်း၊ ပြည်သူ့နီတိများကိုလည်း ရိုသေလေးစားစွာ လိုက်နာပြီး စံနမူနာယူထိုက်သော အင်ဂျင်နီယာ ပညာရှင်၊ ကွန်ပျူတာပညာရှင်၊ သိပ္ပံပညာရှင်များ ဖြစ်ကြပါစေလို့ ဆုမွန်းကောင်းတောင်းရင်း ယနေ့ကျင်းပသည့် ဘွဲ့နှင်းသဘင်အခမ်းအနားများတွင် ဘွဲ့ယူမည့်မောင်မယ်များကို လှိုက်လှဲစွာ ဂုဏ်ပြုလိုက်ပါကြောင်း  ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တက္ကသိုလ်အသီးသီး၏ ဘွဲ့နှင်းသဘင်အခမ်းအနားများ ဆက်လက်ကျင်းပ ပြုလုပ်ရာ နည်းပညာတက္ကသိုလ်များတွင် မဟာအင်ဂျင်နီယာဘွဲ့ရရှိသူ (၆၂) ဦး၊ အင်ဂျင်နီယာ ဘွဲ့ရရှိသူ (၅၆၅)ဦး၊ ကွန်ပျူတာတက္ကသိုလ်များတွင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်း ပညာဘွဲ့ရရှိသူ (၁၃၄)ဦး၊ ဘွဲ့လွန်ဒီပလိုမာဘွဲ့ရရှိသူ (၅)ဦး၊ စုစုပေါင်း ဘွဲ့ရမောင်မယ် (၇၆၆)ဦးတို့အား သက်ဆိုင်ရာ တက္ကသိုလ်အသီးသီး၏ ပါမောက္ခချုပ်များက သက်ဆိုင်ရာ ဘွဲ့အလိုက် ဘွဲ့လက်မှတ်အသီးသီး ချီးမြှင့်အပ်နှင်းကာ ဘွဲ့နှင်းသဘင်မိန့်ခွန်းများ မြွတ်ကြားခဲ့ကြပါသည်။

ဘွဲ့နှင်းသဘင်အခမ်းအနားများကို မတ်လနှင့် ဧပြီလများတွင် နည်းပညာတက္ကသိုလ် (၇) ကျောင်း နှင့် ကွန်ပျူတာတက္ကသိုလ် (၁၂) ကျောင်းတို့တွင် ကျင်းပပြီးစီးခဲ့ပြီး နိုင်ငံတော်အတွက် အင်ဂျင်နီယာဘွဲ့၊ ဗိသုကာဘွဲ့၊ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့၊ အင်ဂျင်နီယာမဟာဘွဲ့၊ ဗိသုကာမဟာဘွဲ့၊ ကွန်ပျူတာမဟာသိပ္ပံဘွဲ့၊ ကွန်ပျူတာနည်းပညာမဟာဘွဲ့၊ သုတသိပ္ပံမဟာဘွဲ့၊  ကွန်ပျူတာဒီပလိုမာဘွဲ့ နှင့် ပါရဂူဘွဲ့ရရှိသူများ အပါအဝင် ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းခဲ့ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်များမှ စုစုပေါင်း ဘွဲ့ရရှိသူ (၁၅၄၂)ဦးအား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(သန်လျင်) တို့သည် နိုင်ငံတကာအသိအမှတ်ပြု Quality Management System ဆိုင်ရာ ISO 9001:2015 စီမံခန့်ခွဲရေးစနစ်ကို အကောင်အထည်ဖော် ကျင့်သုံးလျှက်ရှိပြီး တက္ကသိုလ်များ၏ အရည်အသွေး အာမခံမှုနှင့်ပတ်သက်၍ အာဆီယံတက္ကသိုလ်များကွန်ယက် ASEAN University Network-Quality Assurance(AUN-QA) ၏ Associate Membership တက္ကသိုလ်များဖြစ်ကြပါသည်။

ယနေ့ ဘွဲ့နှင်းသဘင်အခမ်းအနားများ ကျင်းပသည့် နည်းပညာတက္ကသိုလ်များတွင် အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှုများ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတကာ အင်ဂျင်နီယာပညာရေးစံများနှင့်အညီ နိုင်ငံတကာအသိအမှတ်ပြု Quality Management System ဆိုင်ရာ ISO 9001:2015 စီမံခန့်ခွဲရေးစနစ်ကို အကောင်အထည်ဖော် ကျင့်သုံးလျှက်ရှိပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာပညာရေး အရည်အသွေးစိစစ် အသိအမှတ်ပြုရေးကော်မတီ၏ ပဏာမ အသိအမှတ်ပြုမှု လက်မှတ်နှင့်  အာရှနှင့်ပစိဖိတ် ဒေသတွင်း အင်ဂျင်နီယာပညာရေး အသိအမှတ်ပြုမှုအဖွဲ့အစည်း (Federation of Engineering Institutions of Asia and Pacific (FEIAP)) ၏ အသိအမှတ်ပြု လက်မှတ်များဖြင့် အရည်အသွေး စိစစ်အသိအမှတ်ပြုနိုင်ရေး ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။

ကွန်ပျူတာတက္ကသိုလ်များသည်လည်း ICT အထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေး စိစစ် အသိအမှတ်ပြုနိုင်ရေးအတွက် Seoul Accord နှင့်အညီ စတင်ဆောင်ရွက်လျှက်ရှိပြီး နိုင်ငံတကာတက္ကသိုလ်များနည်းတူ ICT နည်းပညာကို အသုံးပြုသည့် Learning Management System (LMS) သင်ကြားသင်ယူမှုစနစ်များ အသုံးပြု၍ လွယ်ကူလျှင်မြန် ထိရောက် အကျိုးရှိစွာ သင်ကြားသင်ယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားများသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဘွဲ့ယူမည့် မောင်မယ်များနှင့်၎င်းတို့၏ မိဘဆွေမျိုးမိတ်သင်္ဂဟများ၊ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများတက်ရောက်ကြပြီး ဘွဲ့နှင်းသဘင် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published.