Boarding of Advisors (BAC) to ASEAN Committee on Science, Technology of Innovation (COSTI) အထူးအစည်းအဝေးကျင်းပ

 ဧပြီ  ၂၀ ရက်နေ့၊ ၂၀၂၂ ခုနှစ်

Boarding of Advisors (BAC) to ASEAN Committee on Science , Technology of Innovation (COSTI) အထူးအစည်းအဝေးကို ဧပြီလ ၂၀ ရက် နံနက် (၈:၃၀ မှ ၁၁:၃၀ နာရီ)တွင် virtual ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ဒေါက်တာဖြူဖြူဝင်း(ညွှန်ကြားရေးမှူးချုပ်၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန) သည် Boarding of Advisors to COSTI ကိုယ်စားပြု အဖြစ်လည်းကောင်း၊ ဒေါက်တာဇော်မင်းနိုင်(ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သုတေသန နှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)သည် Member of Sub-committee on Sustainable Energy Research (SCSER) ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာ ထွန်းထွန်းမိုး(ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန)သည် Member of Sub-committee on Material Science and Technology (SCMST) ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာအေးအေးခိုင် (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)သည် Sub-Committee on Biotechnology(SCB)ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာစိုးစိုးသန်း(ပါမောက္ခ၊ဌာနမှူး၊ ကုန်ထုတ်ဓာတုဗေဒဌာန၊ရန်ကုန်တက္ကသိုလ်၊ ပညာရေးဝန်ကြီးဌာန)သည် Sub-committee on Food Science and Technology(SCFST)ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာကျော်မိုးဦး (ညွှန်ကြားရေးမှူးချုပ်၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန)သည် Sub-Committee on Meteorology and Geophysics(SCMG) ကိုယ်စားပြု အဖြစ်လည်းကောင်း၊ဒေါက်တာမီမီခင် (ပါမောက္ခချုပ်၊ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန)သည် Sub-committee on Microelectronics and Information Technology (SCMIT) ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာချယ်ရီအောင် (ပါမောက္ခ၊ဌာနမှူး၊ အဏ္ဏဝါ သိပ္ပံဌာန၊ မြိတ်တက္ကသိုလ်၊ ပညာရေး ဝန်ကြီးဌာန) သည် Sub-Committee on Marine Science and Technology(SCMSAT) ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာအောင်မျိုးသူ (ဒုတိယ ပါမောက္ခချုပ်၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊  သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန)သည်   Sub-Committee on Space Technology and Applications(SCOSA) ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာသဇင်ဟန်(ညွှန်ကြားရေးမှူး၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန)သည် Chair of Sub-committee on Science  & Technology Infrastructure and Resources Development (SCIRD) ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဒေါက်တာကျော်စိုးလွင်(ညွှန်ကြားရေးမှူး၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန)သည် Experts Group on Metrology (EGM) ကိုယ်စားပြုအဖြစ်လည်းကောင်း၊(ဌ) ဒေါက်တာကေသွယ်ခိုင် (ဒုတိယညွှန်ကြားရေးမှူး၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန)Member of Sub-committee on Science  & Technology Infrastructure and Resources Development (SCIRD) ကိုယ်စား ပြုအဖြစ်လည်းကောင်း  တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံ များမှ BAC members များ၊ COSTI sub-committees (၉) ခုမှ ကိုယ်စားလှယ် စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။

      အဆိုပါဆွေးနွေးပွဲတွင် ဉက္ကဌအဖြစ် ဘရူးနိုင်းနိုင်ငံမှ BAC ကိုယ်စားလှယ်ဖြစ်သူမှ ဆောင်ရွက် ပြီး၊ sub-committees ဉက္ကဌများမှ ၎င်းတို့ကော်မတီအသီးသီး၏ လက်ရှိဆောင်ရွက် နေမှုများ ထပ်မံဆောင်ရွက်ရန်ရှိသည်တို့အား BAC ထံတင်ပြကြပြီး၊ အာဆီယံ BAC အဖွဲ့ဝင်များမှ အကြံဉာဏ် များပေးခြင်းအား ဆောင်ရွက်ခဲ့ကြပါသည်။ အာဆီယံနိုင်ငံတွင်း သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ် တီထွင်မှုဆိုင်ရာ လုပ်ငန်းများဖြစ်သော ASEAN Plan of Action on Science, Technology and Innovation (APASTI 2016-2025) အားတိုးတက်မှုရှိစေရန်အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန်နှင့် လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်းအခြေအနေ များအား သုံးသပ်ခြင်း နှင့်ရှေ့ဆက်ရမည့် APASTI 2026-2035 တို့အတွက် စီမံကိန်းများ၊ ပရိုဂရမ်များ၊ လုပ်ငန်းများရာ ထားရန်အတွက် ဆွေးနွေးခဲ့ကြပါသည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒေါက်တာသဇင်ဟန်(ညွှန်ကြားရေးမှူး) သည် Chair of Sub-committee on Science  & Technology Infrastructure and Resources Development (SCIRD) အဖြစ်ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးမှုများပြုလုပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။  (သတင်းစဉ်)

Leave a Reply

Your email address will not be published. Required fields are marked *