သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာမျိုးသိန်းကျော် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာနသို့ သွားရောက်စစ်ဆေးခြင်း

နေပြည်တော်၊ ဇန်နဝါရီ ၂၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၈ နာရီခွဲတွင် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ သွားရောက်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျုတာတက္ကသိုလ်များ၏ ပါမောက္ခချုပ်များနှင့် တွေ့ဆုံ၍ ကျောင်းသားများသင်ယူရာတွင် အရည်အသွေးပြည့်ဝပြီး အမှန်တကယ်တက်မြောက်နိုင်သော ပညာရေးစနစ် အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ICT နည်းပညာများ အသုံးပြု၍ သင်ကြားသင်ယူမှုများ ပိုမိုထိ‌ရောက်စေနိုင်ရေး၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ စာကြည့်တိုက်များ ပိုမိုတိုးတက်ကောင်းမွန်နိုင်အောင် စနစ်တကျ ဆောင်ရွက်ထားရှိနိုင်ရေး၊ ကျောင်းသားများပျော်ရွှင်စွာ သင်ကြားသင်ယူနိုင်မှု ဝန်းကျင်ကောင်းများ စီစဉ်ထားရှိပေးနိုင်ရေး၊ ဆရာ/ဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်မှု သင်တန်းများ စဉ်ဆက်မပျက် ပို့ချနိုင်ရေး တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ်မှ ကျောင်းဆိုင်ရာ အချက်အလက်များ တင်ပြပြီး တက္ကသိုလ်ရှိ ဆရာ/ဆရာမ၊ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးပြီး တက္ကသိုလ်ရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် စာကြည့်တိုက်အား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေ့လည်ပိုင်းတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနသို့ ရောက်ရှိပြီး မဲခေါင်-လန်ချန်း ပူပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ICT နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုများနှင့် အိန္ဒိယနိုင်ငံ၊ C-DAC အဖွဲ့အစည်းနှင့် ပူးပေါင်း၍လည်းကောင်း၊ဂျပန်နိုင်ငံ၊ JICA အဖွဲ့အစည်းနှင့် ပူးပေါင်း၍လည်းကောင်း ICT နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ Sever ခန်းများနှင့် စာကြည့်တိုက်အား လှည့်လည်ကြည့်ရှု့စစ်ဆေးကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *